တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးကို ငြိမ်းချမ်းစွာ အကောင်အထည်ဖော်ဆောင်ခြင်းနှင့် တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး ကျင့်သုံးခြင်းသည် အမိနိုင်ငံ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး အကောင်အထည်ဖော်ဆောင်ရေး အတွက် အကောင်းဆုံး နည်းလမ်း ဖြစ်သည်ဟု တရုတ် နိုင်ငံတော် ကောင်စီ ထိုင်ဝမ်ရေးရာရုံးဆို

(GMT+08:00)2024-03-13 15:48:54  

တရုတ် နိုင်ငံတော် ကောင်စီ ထိုင်ဝမ်ရေးရာရုံးသည် ယခုလ ၁၃ရက်နေ့တွင် ပုံမှန် သတင်းစာ ရှင်းလင်းပွဲကို ကျင်းပခဲ့ရာ သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားရာ၌ ပြောရေးဆိုခွင့်ရှိသူ ချင်ပင်ဟွာက တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးကို ငြိမ်းချမ်းစွာ အကောင်အထည်ဖော်ဆောင်ခြင်းနှင့် တိုင်းပြည်တစ်ပြည် စနစ်နှစ်မျိုး ကျင့်သုံးခြင်းသည် မိမိတို့ အနေနှင့် ထိုင်ဝမ် ပြဿနာကို ဖြေရှင်းရန် အတွက် အခြေခံ လုပ်ငန်းစဉ် ဖြစ်ပြီး အမိနိုင်ငံ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး အကောင်အထည် ဖော်ဆောင်ရေး အတွက် အကောင်းဆုံး နည်းလမ်း ဖြစ်ကာ ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း မွေးချင်းပေါက်ဖော်များနှင့် တရုတ် အမျိုးသား အတွက် အကျိုးအရှိဆုံး ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။