မြန်မာနိုင်ငံ ကချင်ပြည်နယ် ဖားကန့်ဒေသ ကျောက်စိမ်းတူးဖော်ရေးနေရာတစ်ခုတွင် နွံကန် ပြိုကျမှုကြောင့် လူ ၂ ဦး သေဆုံး

(GMT+08:00)2024-03-13 15:33:47  

မတ်လ ၁၂ ရက်နေ့ မနက်အစောပိုင်းက မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ဖားကန့်ဒေသရှိ ကျောက်စိမ်း တူးဖော်ရေးနေရာတစ်ခုတွင် နွံကန်ပြိုကျမှုကြောင့် လူ ၂ ဦး သေဆုံးပြီး လူ အများအပြား ပျောက်ဆုံးနေသည်ဟု သိရပါသည်။

ကယ်ဆယ်ရေးအဖွဲ့မှ နောက်ဆုံးသတင်းအရ ပိတ်မိနေသူ ၄ ဦးကို ကယ်ဆယ်ပြီးဖြစ်ကြောင်း၊ ဒဏ်ရာ ရသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ဆေးကုသမှု များ ခံယူနေကြောင်း သိရပါသည်။