Wing Loong 2H မောင်းသူမဲ့လေယာဉ်သည် ကွေ့ကျိုးပြည်နယ်၌ ပထမဆုံးအကြိမ် လူဖန်တီးတဲ့ မိုးရွာသွန်းမှု တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်

(GMT+08:00)2024-03-13 15:26:18  

တရုတ်နိုင်ငံက ကိုယ်ပိုင် တီထွင် ထုတ်လုပ်သော Wing Loong 2H မိုးလေဝသ မောင်းသူမဲ့လေယာဉ်သည် ကွေ့ကျိုးပြည်နယ် အနောက်ပိုင်းဒေသ၌ ပထမဆုံးအကြိမ် လူဖန်တီးတဲ့ မိုးရွာသွန်းမှု တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်ခဲ့သည်။

        အနာဂတ်တွင် Wing Loong 2H မိုးလေဝသ မောင်းသူမဲ့လေယာဉ်သည် ကွေ့ကျိုးပြည်နယ်၌ အလုပ်တာဝန်များကို ပုံမှန် လုပ်ဆောင်မည်ဖြစ်ကြောင်း၊ ယင်းသည် မိုးခေါင်မှုနှင့် ဆိုးရွားသော ရာသီဥတု၏ ဆိုးကျိုးများကို ထိရောက်စွာ လျှော့ချနိုင်ပြီး နွေဦးရာသီ စိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်မှုအတွက် ကောင်းမွန်သောအခြေအနေများကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းသတင်း အရ သိရပါသည်။