အင်ဒိုနီးရှားတွင် သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၂ ဦး သေဆုံးပြီး ၂၄ ဦး ပျောက်ဆုံးနေ

(GMT+08:00)2024-03-13 15:23:03  

အင်ဒိုနီးရှားနိုင်ငံ ကယ်ဆယ်ရေးဌာနမှ မတ်လ ၁၂ရက်နေ့တွင် ထုတ်ပြန်သည့်သတင်းအရ တောင်ဆူလာဝေစီပြည်နယ်ရှိ Celaya ကျွန်းစုတွင် လူ ၃၇ ဦး တင်ဆောင်ထားသော  သင်္ဘော တစ်စင်း နစ်မြုပ်ခဲ့သောကြောင့် လူ၂ဦး သေဆုံးပြီး ၂၄ဦး ပျောက်ဆုံးနေကာ ၁၁ဦးကို  ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်လျက် ရှိကြောင်း သိရသည်။