Al Arabiya TV - ဂါဇာဒေသအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဆိုင်ရာ အမေရိကန် "မွမ်းမံပြင်ဆင်ထားသောဗားရှင်း"ကို ဟားမတ်စ် လက်ခံ

(GMT+08:00)2024-03-13 15:45:37  

 ဂါဇာကမ်းမြောင်ဒေသအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဆိုင်ရာ အမေရိကန် "မွမ်းမံ ပြင်ဆင်ထားသောဗားရှင်း"ကို ဟားမတ်စ်မှ လက်ခံခဲ့ကြောင်း ဒေသစံတော်ချိန် ယခုလ ၁၂ ရက်နေ့က Al Arabiya TV က ဟားမတ်စ် အဆင့်မြင့်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့ပါသည်။

အမေရိကန်မှ အဆိုပြုခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များတွင် အချိန် ၆ ပတ်ကြာ ယာယီအပစ်အခတ်ရပ်စဲရန်၊ ဂါဇာတွင် ထိန်းသိမ်းခံရသူ ၄၀ ခန့်ကို ဟားမတ်စ်မှ လွှတ်ပေးရန်၊ ပါလက်စတိုင်းသား ၄၀၀ ခန့်ကို အစ္စရေးမှ လွှတ်ပေးရန်တို့ ပါဝင်သည်ဟု သိရပါသည်။