အင်ဂိုလာ သမ္မတ လိုရင်ဇို၏ တရုတ်နိုင်ငံခရီးစဉ် အကြောင်းကို နိုင်ငံခြားရေး ဝန်ကြီးဌာန ရှင်းလင်းပြောကြား

(GMT+08:00)2024-03-13 15:43:18  

မတ်လ ၁၂ ရက်နေ့က ကျင်းပသော ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် အင်ဂိုလာ သမ္မတ လိုရင်ဇိုသည် ဖိတ်ကြားချက်အရ မတ်လ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ တိုင်းရေး ပြည်ရာ ကိစ္စဖြင့် တရုတ်နိုင်ငံသို့ လာရောက် ခရီးလှည့်လည်မည့် အကြောင်းနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားရာတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်နှင့် အင်ဂိုလာ နှစ်နိုင်ငံသည် ချစ်ကြည်ရေး အစဉ်အလာ ရှိပြီး လက်ရှိ အချိန်တွင် နှစ်နိုင်ငံ ဆက်ဆံမှု အရှိန်ကောင်းမွန်စွာဖြင့် တိုးတက်လာပြီး နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု ဆက်တိုက် နက်ရှိုင်းလာကာ လက်တွေ့ကျ ပူးပေါင်း ဆောင် ရွက်ရေး အောင်မြင်မှု ရလဒ်များ ရရှိခဲ့ကြောင်း၊ သမ္မတ လိုရင်ဇို၏ ယခုအကြိမ် တရုတ် နိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံ ချစ်ကြည်ရေး ပူးပေါင်း ဆောင်ရွက်မှုတွင် တိုးတက်မှုသစ်များ အဆက်မပြတ် ရရှိရန် တွန်းအားပေးမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။