လက်နဲ့ထိနိုင်သော မင်္ဂလာကတိကဝတ်များ

(GMT+08:00)2024-03-13 15:32:49  

မတ်လ ၁၂ ရက်နေ့တွင် မစ္စကျန်း နှင့် မစ္စတာဝမ် တို့သည် ဘေကျင်း Xicheng မြို့နယ် ပြည်သူ့ရေးရာဌာန လက်ထပ်မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုစင်တာသို့ ဝင်ရောက်ခဲ့ပြီး အတားအဆီးမရှိဘဲ လက်ထပ် ထိမ်းမြား ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ပြီးမြောက်ခဲ့သည်။ မစ္စကျန်းတွင် အဆင့် ၁ အမြင်အာရုံချို့ယွင်းမှုရှိပြီး မစ္စတာဝမ်တွင် အဆင့်၂အမြင်အာရုံချို့ယွင်းမှုရှိသည်။ ၎င်းတို့သည် မျက်မမြင်စာကိုထိပြီး သို့မဟုတ် ကြီးမားသောစာသားကိုသာ ဖတ်နိုင်သည်။ ဘေကျင်းမြို့ Xicheng မြို့နယ် ပြည်သူ့ရေးရာဌာန လက်ထပ် မှတ်ပုံတင်ခြင်းဝန်ဆောင်မှုစင်တာသည် ဇနီးမောင်နှံနှစ်ဦးအတွက် အစိမ်းရောင်လမ်းကြောင်းကို တည် ထောင်ခဲ့ပြီး လက်ထပ်မှုမှတ်ပုံတင်ခြင်းသတိပေးချက်၊ မင်္ဂလာကတိကဝတ်များ၏ မျက်မမြင်စာနှင့် ကြီးမားသောစာသားများကို ပြုလုပ်ပေးထားသည်။ ယင်းသည် တရုတ်နိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အမြင်အာရုံ ချို့တဲ့သူများအတွက် အတားအဆီးမဲ့ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ အသိပေးခြင်းနှင့် မင်္ဂလာ ကတိကဝတ်များကို ပေးအပ်ခြင်းလည်း ဖြစ်ကြောင်း သိရှိရ ပါသည်။