CGTNသည် “စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းသစ် မျှဝေခြင်း” ဆွေးနွေးပွဲများကို ဥရောပနိုင်ငံ များတွင် ကျင်းပပြီး နိုင်ငံများစွာရှိ မီဒီယာများက သတင်းထုတ်ပြန်

(GMT+08:00)2024-03-12 15:28:37  

ယခုနှစ် NPCနှင့်CPPCCအစည်းအဝေးကျင်းပစဉ်အတောအတွင်း China Media Group CGTN သည် ပြင်သစ်၊ ဗြိတိန်၊ ဂျာမဏီနှင့် အီတလီစသည့် ဥရောပနိုင်ငံများမှ မီဒီယာနှင့် တတ်သိပညာရှင်အဖွဲ့ များနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအခွင့်အလမ်းသစ် မျှဝေခြင်းဆွေးနွေးပွဲများကို ပူးတွဲပြုလုပ်ခဲ့ပြီး ဥရောပ နိုင်ငံများမှ နာမည်ကျော် စီးပွားရေးနှင့်နိုင်ငံရေး ပုဂ္ဂိုလ်များနှင့်အတူ တရုတ်ပြည်၏ စီးပွားရေး အရည် အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ခြင်းသည် ဥရောပနိုင်ငံများအတွက် သယ်ဆောင်လာသည့် အခွင့်အလမ်း များအကြောင်းကို ဆွေးနွေးခဲ့ကြပါသည်။

  အဆိုပါ ဆွေးနွေးပွဲများသည် ဥရောပနိုင်ငံများစွာရှိ ပင်မမီဒီယာများ၏ အာရုံစိုက်မှုကို ရရှိ ခဲ့ပါသည်။ ပြင်သစ်၏ BFM BUSINESS စီးပွားရေး ရုပ်မြင်သံကြားဌာန၊ ဥရောပ၏ အကြီးဆုံး ဗီဒီယိုပလက်ဖောင်းဖြစ်သည့် Dailymotion နှင့် ဗြိတိန်၏ အကြီးဆုံး ဒစ်ဂျစ်တယ် တီဗီ ပလက်ဖောင်း ဖြစ်သည့် ပန်ကာတီဗီ တို့ အပါအဝင် နိုင်ငံပေါင်း ၂၀ ရှိ ပင်မမီဒီယာ ၃၅ခု က သတင်းထုတ်ပြန်ခဲ့ပြီး လူ ဦးရေသန်း ၄၀၀ ကျော် ကြည့်ရှုခဲ့ကြပါသည်။

ကျီလင်မြို့ရှိ စွန်းဟွားမြစ်တွင် ကမ်းစပ် တစ်လျှောက် ရေခဲများအရည်ပျော်နေ

မတ်လ ၁၁ ရက်နေ့တွင် ကျီလင်မြို့ရှိ စွန်းဟွားမြစ် ရှုးလန်နှင့် ကျူတိုင်ကျန်းအပိုင်းတွင် ခရီးသွားလာမှု ပြန်လည်စတင်နေပြီး ကမ်းစပ်ရှိ ရေခဲများ  ရည်ပျော်ကာ ရေခဲကြိုးများအဖြစ် ပြောင်းလဲသွားသည် ကို တွေ့ရပါသည်။