ဒေသတွင်းမဟုတ်သော နိုင်ငံများအား ဆွဲခေါ်ပြီး တောင်ပင်လယ်အရေးတွင် ဝင်ရောက် စွက်ဖက်လျှင် အခြေအနေ ပိုမို ရှုပ်ထွေးစေမည်သာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ဆို

(GMT+08:00)2024-03-12 15:39:18  

မတ်လ ၁၁ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာ ရှင်းလင်းပွဲ၌ တောင်ပင်လယ်ဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ အရင်းအမြစ်များ တူးဖော်ခြင်းနှင့် ပတ်သက်သော သတင်းထောက်၏ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က ဖြေကြားရာတွင် တောင်ပင်လယ်အရေးသည် တရုတ်နိုင်ငံနှင့် အဆီယံအဖွဲ့ဝင်နိုင်ငံအချို့ရဲ့ အရေး ကိစ္စပင် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာနိုင်ငံများနှင့် ဆွေးနွေးပွဲ ကျင်းပခြင်းဖြင့် အရင်းအမြစ်များ တူးဖော်ခြင်းအပါအဝင် ပင်လယ်ရေးရာ အငြင်းပွားမှု များကို သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းရန် စွဲကိုင်ထားကြောင်း၊ သက်ဆိုင်ရာ နိုင်ငံများသည် တောင်ပင်လယ်၌ အရင်းအမြစ်များ တူးဖော်ရာတွင် တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေ အချုပ်အခြာအာဏာနှင့် ပင်လယ်ရေးရာ အခွင့်အရေးများကို ထိခိုက်၍ မရကြောင်း၊ ဒေသတွင်းမဟုတ်သော နိုင်ငံများအား ဆွဲခေါ်ပြီး တောင်ပင်လယ်အရေးတွင် ဝင်ရောက်စွက်ဖက်၍လည်း မရကြောင်း၊ ဒေသတွင်းမဟုတ်သော နိုင်ငံများအား ဆွဲခေါ်ပြီး တောင်ပင်လယ်အရေးတွင် ဝင်ရောက်စွက်ဖက်လျှင် အခြေအနေပိုမိုရှုပ်ထွေးစေမည်သာ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။