မစ္စတာ Asif Ali Zardari အား ပါကစ္စတန်နိုင်ငံသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခြင်းကို လှိုက်လှဲစွာ ထောမနာပြုသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

(GMT+08:00)2024-03-12 15:38:35  

 မတ်လ ၁၁ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပုံမှန် သတင်းစာ ရှင်းလင်းပွဲ၌ သတင်းထောက်၏ မေးမြန်းချက်ကို တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဖြေကြားရာ တရုတ်နိုင်ငံ အနေဖြင့် မစ္စတာ Asif Ali Zardari အား ပါကစ္စတန်နိုင်ငံသမ္မတအဖြစ် တာဝန် ထမ်းဆောင်ခြင်းကို လှိုက်လှဲစွာ ထောမနာပြု ပါကြောင်း၊ တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ပါကစ္စတန်နိုင်ငံသမ္မတ Asif Ali Zardari ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့ပြီဖြစ်ကြောင်း၊ တရုတ် နိုင်ငံသည် တရုတ်- ပါကစ္စတန် ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကို လွန်စွာ အလေးထားပြီး ပါကစ္စတန် နိုင်ငံနှင့်အတူ တရုတ်-ပါကစ္စတန် ချစ်ကြည်ရေးအစဉ်အလာ  ထွန်းကားရန်၊ နယ်ပယ် အသီးသီးတွင် အား သာချက်များရှိသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ တရုတ်-ပါကစ္စတန် အစဉ် တစိုက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက် ဆက်ဆံရေးတွင် ပိုမို ကြီးမား သော အောင်မြင်မှုများ ရရှိရန်၊ ခေတ်သစ်တွင် ပိုမိုရင်းနှီးသော တရုတ်-ပါကစ္စတန် ကံကြမ္မာ တူ အသိုက်အဝန်းကို အရှိန်မြှင့် တည်ဆောက်ရန် ဆန္ဒရှိ ကြောင်း ပြောကြားခဲ့ပါသည်။