တရုတ်နှင့် အမေရိကန် ပြည်သူတို့ကြား ပိုမိုကူးလူးဖလှယ်နိုင်ရန် မျှော်လင့်ပြီးအားပေးသည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဆို

(GMT+08:00)2024-03-12 15:35:37  

မတ်လ ၁၁ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဝမ်ဝင်ပင် က ပုံမှန် သတင်းစာရှင်းလင်းပွဲ ကို  ကြီးမှူးကျင်းပခဲ့သည်။

သတင်းထောက်-မကြာသေးမီက ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကို မြို့တော်ဝန် ဘရီးဒ် က အလွှာပေါင်းစုံမှ ပုဂ္ဂိုလ်များကို ဦးဆောင်ပြီး သမ္မတ ရှီကျင့်ဖိန်ထံ သို့ စာတစ်စောင် ရေးသားပေးပို့ခဲ့ကာ ပြီးခဲ့သောနိုဝင်ဘာလက အမေရိကန်ချစ်ကြည်ရေးအဖွဲ့များ ပူးတွဲကြိုဆိုပွဲ၌ သမ္မတ ရှီကျင့်ဖိန် မိန့်ခွန်းတွင် တရုတ်-အမေရိကန်ဆက်ဆံရေး၏ အရပ်ဘက်အခြေခံအုတ်မြစ်ကို  ပြောကြားခဲ့ကြောင်း၊ဆန်ဖရန်စစ္စကိုသည် နှစ်နိုင်ငံ အရပ်ဘက်အကြား အပြန်အလှန် ကူးလူးဖလှယ်မှုအတွက် ထူးခြားပြီး အရေးပါသော ရပ်တည်ရာနေရာတစ်ခုကို ပံ့ပိုးပေးနိုင်ပြီး လူမှုယဉ်ကျေးမှုဖလှယ်ရေးကတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်လိုကာ ဆန်ဖရန်စစ္စကို တိရစ္ဆာန်ရုံသည် ပန်ဒါဝက်ဝံ လာရောက်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း စာထဲတွင်ဖော်ပြခဲ့ပါတယ်။တရုတ်ရဲ့ မှတ်ချက်က ဘယ်လိုလဲဟု မေးခဲ့ရာ

ဝမ်ဝင်ပင်က နှစ်နိုင်ငံပြည်သူများအကြား ကူးလူးဖလှယ်မှုများ ပိုမိုများပြားလာရန်၊ ခေတ်သစ်တွင် နှစ်နိုင်ငံပြည်သူများကြား ချစ်ကြည်ရင်းနှီးမှု ဇာတ်လမ်းနှင့် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု၏ အပြန်အလှန်အကျိုးရှိသော စံနမူနာကို ဆက်လက်ရေးသားသွားရန် မျှော်လင့်ကြောင်း ၊ ပန်ဒါ ဝက်ဝံ များ သည် တရုတ်နှင့် အမေရိကန်ပြည်သူများကြား ချစ်ကြည်ရင်းနှီးမှု သံတမန်များဖြစ်ကြပြီး နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန်နားလည်မှု တိုးမြှင့်ရန်အတွက် အမေရိကန်နှင့်အတူ ပန်ဒါ ဝက်ဝံ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းကို ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ ပါသည်။