ယခုနှစ် ပထမနှစ်လအတွင်း ကွမ်တုန်း-ဟောင်ကောင်-မကာအို ဒေသကြီးရှိ မြို့ ၉မြို့၏ သွင်းကုန်ပို့ကုန် ပမာဏသည် ဘီလီယံ ၁၂၉၀ ရှိ

(GMT+08:00)2024-03-12 15:30:06  

  ယခုနှစ် ပထမနှစ်လအတွင်း ကွမ်တုန်း-ဟောင်ကောင်-မကာအို ဒေသကြီးရှိ မြို့ ၉မြို့၏ သွင်းကုန်ပို့ကုန် ပမာဏသည် ဘီလီယံ ၁၂၉၀ ရှိပြီး ၂၄.၆ ရာခိုင်နှုန်းတိုးများလာ၍ ကွမ်တုန်းပြည်နယ်၏ စုစုပေါင်းသွင်းကုန်ပို့ကုန်တန်ဖိုး၏ ၉၅.၆ ရာခိုင်နှုန်း ရှိပါသည်။ ၎င်းတို့အနက် ပို့ကုန်သည် ၂၆.၉ ရာခိုင်နှုန်း တိုးမြင့်လာပြီး ကွမ်တုန်း၏ စုစုပေါင်း ပို့ကုန် တန်ဖိုး၏ ၉၆.၅ ရာခိုင်နှုန်းရှိကာ သွင်းကုန် ၂၀.၄ ရာခိုင်နှုန်း တိုးလာပြီး ကွမ်တုန်း၏ စုစုပေါင်းသွင်းကုန်တန်ဖိုး၏ ၉၄ ရာခိုင်နှုန်း ရှိပါသည်။

  အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ ကွန်တိန်နာများ၊ သင်္ဘောများစသည့် ကုန်ပစ္စည်းများ တင်ပို့မှုမှာ ၂၈.၉ ရာခိုင်နှုန်း၊ ၁၇၈ ရာခိုင်နှုန်းနှင့် ၂၁၀.၉ ရာခိုင်နှုန်း အသီးသီး တိုးမြင့်လာပါသည်။ တင်သွင်းလာသော နည်းပညာမြင့်ထုတ်ကုန်များ လျင်မြန်စွာ တိုးတက်လာပြီး ၃၁.၈ ရာခိုင် နှုန်း တိုးလာပါသည်။