လူ စိုက်ပျိုးသည့် သစ်တောအကျယ်အဝန်းသည် ကမ္ဘာ့ နံပါတ် ၁ နေရာ၌ တည်ရှိ

(GMT+08:00)2024-03-12 15:24:14  

မတ်လ ၁၂ရက်နေ့သည် တရုတ်နိုင်ငံ၏ ၄၆ကြိမ်မြောက် သစ်ပင်စိုက်ပျိုးရေးနေ့ဖြစ် ပါသည်။ တရုတ်ပြည်လုံးဆိုင်ရာ စိမ်းလန်းစိုပြည်ရေး ကော်မရှင်ရုံးမှ ထုတ်ပြန်သော “တရုတ်နိုင်ငံ၏  နယ်မြေ စိမ်းလန်းစိုပြည်ရေးအခြေအနေ စာတမ်း”အရ ၂၀၂၃ခုနှစ်တွင် တရုတ်နိုင်ငံသည် တောတောင်ရေမြေများအားလုံး တစ်ပြေးညီ ထိန်းသိမ်း စောင့်ရှောက်မှုနှင့် စနစ် တကျ စီမံခန့်ခွဲရေးတို့ကို အားဖြည့်ဆောင်ရွက်ပြီး နိုင်ငံတော် နယ်မြေ စိမ်းလန်း စိုပြည် ရေး အောင်ကျိုး ရလဒ်သစ်များရရှိစေရန် အားသွန်ခွန်စိုက် တွန်းအားပေးခဲ့ကြောင်း၊ ၂၀၂၃ခုနှစ်တွင် တရုတ်နိုင်ငံသည် သစ်တော တရုတ်မိုပေါင်း ၅၉.၉၇သန်းကို စိုက်ပျိုးပြီးစီးခဲ့ ပြီး မြက်ခင်း တရုတ်မိုပေါင်း ၆၅.၆၈၅သန်းခန့် စိုက်ပျိုးကာ သဲနှင့်ကျောက် ဖြစ်လာသောမြေ မိုပေါင်း ၂၈.၅၇၅သန်းကို ပြုပြင်စီမံပေးခဲ့ကြောင်း ဖော်ပြထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။