“CHINA"S AGENDA” နိုင်ငံတကာ မီဒီယာ ဆွေးနွေးပွဲ ကင်ညာ အထူးပွဲကို နိုင်ရိုဘီ၌ ကျင်းပ

(GMT+08:00)2024-03-12 15:32:07  

ဒေသစံတော်ချိန် ယခုလ ၁၁ ရက်နေ့က “CHINA"S AGENDA” နိုင်ငံတကာ မီဒီယာ ဆွေးနွေးပွဲ ကင်ညာအထူးပွဲကို နိုင်ရိုဘီမြို့တော်တွင် ကျင်းပခဲ့ပါသည်။ ယခုအကြိမ် ဆွေးနွေးပွဲကို CMG Africa Station မှ ကြီးမှူးပြီး၊ African Policy Research Institute မှ ပူးပေါင်းစီစဉ်ကာ ဆွေးနွေးပွဲ၏ဆောင်ပုဒ်မှာ "အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားဖြင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ပြီး အရည်အသွေးမြင့် တိုးတက်မှုကို အကောင်အထည်ဖော်ဆောင်ခြင်း"ဖြစ်ပါသည်။ အာဖရိကသမဂ္ဂ၊ တရုတ်- အာဖရိက ပူးတွဲသုတေသနစင်တာ၊ တရုတ်-အာဖရိက နိုင်ငံတကာဆက်ဆံမှုစင်တာ၊ အာဖရိကအယ်ဒီတာများဖိုရမ်၊ အာဖရိကဖွံ့ဖြိုးမှု တတ်သိပညာရှင်အဖွဲ့၊ နိုင်ရီုဘီ တက္ကသိုလ်၊ Aga Khan တက္ကသိုလ်၊ Riala တက္ကသိုလ်စသည့် ဒေသတွင်း အဖွဲ့အစည်းများ၊ တတ်သိပညာရှင်အဖွဲ့နှင့် သုတေသနအဖွဲ့အစည်းများမှ လူ ၄၀ ခန့်  တက်ရောက်ခဲ့ကြသည် ဟု သတင်းအရသိရပါသည်။