အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားသည် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး၏ အင်ဂျင် ဖြစ်လာနေဟု နိုင်ငံများမှ ပုဂ္ဂိုလ်များဆို

(GMT+08:00)2024-03-12 15:21:18  

 နိုင်ငံများစွာမှ ပုဂ္ဂိုလ်များသည် တရုတ်နိုင်ငံ ၏ အစည်းအဝေး နှစ်ခုတွင် အကြိမ်ကြိမ် ဖော်ပြခဲ့သည့် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို အာရုံစိုက်နေကြသည်။ ၎င်းတို့က အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားသည် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး၏ အင်ဂျင် ဖြစ်လာနေပြီး နိုင်ငံအသီးသီးတို့၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာ ပြုပြင်ပြောင်းလဲရေးကို ထိရောက်စွာ တွန်းအားပေးမည်ဟု ယူဆကြပါသည်။

  ထိုင်းနိုင်ငံ ဒုတိယ ဝန်ကြီးချုပ်ဟောင်း၊ ထိုင်-တရုတ် ယဉ်ကျေးမှု ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ပီနီက သမ္မတ ရှီကျင့်ဖိန် ဖော်ပြထားသည့် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားသည် အာဆီယံနှင့် နိုင်ငံတကာ ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး၏ အင်ဂျင် ဖြစ်လာနေပြီး စွမ်းအင်သစ်သုံး မော်တော်ကားသည် အရည်အသွေးသစ် ကုန်ထုတ် စွမ်းအား ဆိုင်ရာ ကိုယ်စားပြုရာပင် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

   ပါကစ္စတန် တတ်သိပညာရှင်အဖွဲ့ နိုင်ငံတကာ Belt and Road သုတေသန မဟာမိတ်အဖွဲ့ စတင်တည်ထောင်သူ ဥက္ကဋ္ဌ ဇာမီလ်အာဗန်က တရုတ်အစိုးရသည် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို အဓိကထား ဆောင်ရွက်မည် ဖြစ်ပြီး ယင်းသည် တရုတ်နိုင်ငံ၏ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးပြုမည်သာမက ကမ္ဘာကြီး အတွက်လည်း အကျိုးပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။