၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေးတွင် ဆုံးဖြတ်ချက်များကို မဲပေး အတည်ပြု

(GMT+08:00)2024-03-11 15:56:36  

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး ပိတ်ပွဲ ကို မတ်လ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ရာ အစိုးရလုပ်ငန်း အစီရင်ခံစာ ဆိုင်ရာ ဆုံးဖြတ်ချက်၊ အသစ် ပြင်ဆင်သော နိုင်ငံတော်ကောင်စီ ဖွဲ့စည်းပုံဥပေဒေ၊ ၂၀၂၃ခုနှစ် အမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော်ခြင်းနှင့် ၂၀၂၄ခုနှစ် အမျိုးသား စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာ ဆုံးဖြတ်ချက်၊ ၂၀၂၃ ခုနှစ် ဗဟိုနှင့် ဒေသန္တရ ဘတ်ဂျက်များ အကောင်အထည်ဖော်ဆောင်ခြင်းနှင့် ၂၀၂၄ ခုနှစ် ဗဟိုနှင့် ဒေသန္တရ ဘတ်ဂျက်များ ဆိုင်ရာ ဆုံးဖြတ်ချက်၊ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ လုပ်ငန်း အစီရင်ခံစာဆိုင်ရာ ဆုံးဖြတ်ချက်၊ ပြည်သူ့တရားရုံးချုပ် လုပ်ငန်း အစီရင်ခံစာ ဆိုင်ရာ ဆုံးဖြတ်ချက်နှင့် ပြည်သူ့ ရှေ့နေ ရုံးချုပ် လုပ်ငန်းအစီရင်ခံစာဆိုင်ရာ ဆုံးဖြတ်ချက် များကို မဲပေး အတည် ပြုခဲ့ သည်။