၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယ အကြိမ် အစည်းအဝေး ပိတ်ပွဲ ကျင်းပ

(GMT+08:00)2024-03-11 15:41:24  

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး ပိတ်ပွဲ ကို မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီတွင် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်အပါအဝင် ပါတီနှင့်နိုင်ငံတော်ခေါင်းဆောင်များသည် ပိတ်ပွဲသို့ တက်ရောက်ခဲ့ကြပါသည်။