ကပ္ပတိန်နှင့် လက်ထောက်ကပ္ပတိန်တို့ အိပ်ပျော်သွားပြီး လေယာဉ် သည် လမ်းကြောင်းမှ သွေဖည်သွားသဖြင့် အင်ဒိုနီးရှား လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဌာနက အထူးစုံစမ်းစစ်ဆေးမှု ပြုလုပ်

(GMT+08:00)2024-03-11 12:13:20  

ဒေသစံတော်ချိန် ယခုလ ၉ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဌာနသည် အင်ဒိုနီးရှား Batik Air မှ ကပ္ပတိန်နှင့် လက်ထောက်ကပ္ပတိန်တို့သည် လေယာဉ် ပျံသန်းနေစဉ် တစ်ချိန်တည်း အိပ်ပျော်သွားခြင်းဖြစ်ရပ်နှင့် ပတ်သက်၍ လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ပါသည်။ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနသည် Badi Air အား ပြင်းပြင်းထန်ထန် သတိပေးသည့်အပြင် ယင်းဖြစ်ရပ်ဆိုင်ရာ အထူးစုံစမ်း စစ်ဆေး မှု ပြုလုပ်သွားမည်ဟု သိရပါသည်။

ဒေသစံတော်ချိန် ဇန်နဝါရီလ ၂၅ ရက်နေ့က Badi Air မှ လေကြောင်း ID-6723 သည် အရှေ့တောင်ဆူလာဝေစီပြည်နယ် Kendari မြို့မှ ဂျကာတာ မြို့တော်သို့ ပျံသန်းနေစဉ် လေယာဉ်မှူး ၂ ဦးတို့သည် ၂၈ မိနစ်ခန့် တစ်ချိန်တည်း အိပ်ပျော်သွားခဲ့သည်ဟု သိရပါသည်။