တရုတ်ရေတပ်မှ ၄၆သုတ်မြောက် စောင့်ကြပ်သင်္ဘောအုပ်စုသည် ပထမဆုံးအကြိမ် စောင့်ကြပ်ရေး တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့

(GMT+08:00)2024-03-11 12:11:57  

မတ်လ ၉ရက်နေ့က တရုတ်ရေတပ်မှ ၄၆သုတ်မြောက် စောင့်ကြပ် ရေး သင်္ဘော အုပ်စုသည် အေဒင်ပင်လယ်ကွေ့ ဆိုမာလီပင်လယ်ရပ်ဝန်းတွင် ၁၆၃၂ကြိမ် မြောက် စောင့်ကြပ်ရေး တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့ပါသည်။ ၄င်းမှာ တရုတ်ရေတပ်မှ ၄၆သုတ်မြောက် စောင့်ကြပ်သင်္ဘောအုပ်စု၏ ပထမဆုံးအကြိမ် စောင့်ကြပ်ရေးတာဝန် ဖြစ်ပါသည်။ မစ်ရှင် ထမ်းဆောင်ရာတွင် တရုတ်ရေတပ်မှ ၄၆သုတ်မြောက် စောင့်ကြပ်ရေး သင်္ဘောအုပ်စုသည် အကာအကွယ်ပေးရမည့်  သင်္ဘောများ၏ ခရီးစဉ်တစ်ခုလုံးအတွက် စောင့်ကြပ်ပေးခဲ့ပါသည်။