ယခုနှစ်အစပိုင်းကာလတွင် တရုတ်ပြည် နိုင်ငံခြားကုန်သွယ်မှု အခြေအနေ ကောင်းမွန်ပြီး ပထမ နှစ်ဝက်ပိုင်းတွင် ဆက်လက် တိုးတက်နိုင်မည်ဟု ခန့်မှန်းရကြောင်း တရုတ် အကောက်ခွန်ဌာနချုပ် ဝန်ကြီး ဆို

(GMT+08:00)2024-03-11 19:32:30  

 တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး၏ တတိယအကြိမ် ဝန်ကြီးများတွေ့ဆုံပွဲကို မတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပရာ တရုတ်အကောက်ခွန်ဌာနချုပ် ဝန်ကြီး ယူကျန့်ဟွာသည် သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားခဲ့ပါသည်။ 

   တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု အလားအလာနှင့် ပတ်သက်ပြီး ယူကျန့်ဟွာက အကောက်ခွန်ဌာနချုပ်မှ နောက်ဆုံး စာရင်းအရ ယခုနှစ်အတွင်း တရုတ်နိုင်ငံ၏ သွင်းကုန် ပို့ကုန် အခြေအနေ ဆက်လက် တိုးတက် ကောင်းမွန်လာကြောင်း၊ ခြုံပြီးကြည့်လျှင် ယခုနှစ် အစပိုင်း ကာလတွင် တရုတ်ပြည် နိုင်ငံခြားကုန်သွယ်မှု အခြေအနေ ကောင်းမွန်ပြီး ပထမ နှစ်ဝက်ပိုင်းတွင် ဆက်လက် တိုးတက်နိုင်မည်ဟု ခန့်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။