"ရှီကျင့်ဖိန်၏ ရေးသားပြုစုချက်ဆောင်းပါးများ" စာအုပ် ပထမတွဲနှင့် ဒုတိယတွဲကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေ

(GMT+08:00)2024-03-11 18:45:23  

မကြာခင်ရက်များက "ရှီကျင့်ဖိန်၏ ရေးသားပြုစုချက်ဆောင်းပါးများ" စာအုပ် ပထမတွဲနှင့် ဒုတိယတွဲကို အင်္ဂလိပ်ဘာသာဖြင့် ပြည်တွင်းပြည်ပတွင် ထုတ်ဝေခဲ့သည်။

စာအုပ်ပထမတွဲနှင့် ဒုတိယတွဲတွင် ၂၀၁၂ခုနှစ် နိုဝင်ဘာလ မှ ၂၀၂၂ခုနှစ် အောက်တိုဘာလအထိ ကာလအတွင်း ရှီကျင့်ဖိန်၏ အရေးကြီးသည့် ရေးသားပြုစုချက်ဆောင်းပါးများ ပါဝင်ပြီး ရှီကျင့်ဖိန်ကို ဗဟိုအဖြစ်ထားသော တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် တရုတ်ပြည်သူများကို ဦးဆောင်ပြီး တရုတ် ထူးခြားချက် ဝိသေသ ပါရှိသော ဆိုရှယ်လစ် ခေတ်သစ်ကို ဖွင့်လှစ်ကာ အောင်မြင်မှုများ အဆက်မပြတ် ရရှိခဲ့သော သမိုင်း ကြောင်း ကို မှတ်တမ်းတင်ထားသည်။