အားကစား၊ ကာယလေ့ကျင့်မှုနှင့် အပန်းဖြေ စားသုံးမှုများကို တိုးမြှင့်ပြီး အားကစားဆိုင်ရာ လုပ်ငန်းများ အရည်အသွေးမြင့်မားစွာ တိုးတက်မှုကို တွန်းအားပေးမည်ဟု အားကစား ဌာနချုပ် ဝန်ကြီး ကောကြည့်တန်း ဆို

(GMT+08:00)2024-03-11 18:48:12  

  ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး၏ တတိယအကြိမ် ဝန်ကြီးများတွေ့ဆုံပွဲကို မတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပရာ တရုတ်နိုင်ငံတော် အားကစား ဌာနချုပ် ဝန်ကြီး ကောကြည့်တန်းသည် အားကစား၊ ကာယလေ့ကျင့်မှုနှင့် အပန်းဖြေ စားသုံးမှုများကို တိုးမြှင့်ပြီး အားကစားဆိုင်ရာ လုပ်ငန်းများ အရည်အသွေးမြင့်မားစွာ တိုးတက်မှုကို တွန်းအားပေးရေးနှင့် ပတ်သက်ပြီး သတင်းထောက်များ၏မေးမြန်းချက်ကို ဖြေကြားခဲ့ပါသည်။

  ကောကြည့်တန်းက အားကစားပြိုင်ပွဲများဆိုင်ရာ စီးပွားရေး တိုးတက်လာအောင် အားဖြည့် ဆောင်ရွက်မည် ဖြစ်ပြီး ဆွဲဆောင်မှုနှင့် ပါဝင်နိုင်မှု မြင့်မားသော အားကစား ပြိုင်ပွဲများကို ပြုလုပ်မည် ဖြစ်၍ ပိုမိုများပြားသော နိုင်ငံတကာ သြဇာလွှမ်းမိုးမှုရှိသည့် အရည်အချင်းမြင့် နိုင်ငံတကာ အားကစားပြိုင်ပွဲများကို လက်ခံကျင်းပမည် ဖြစ်ကြောင်း၊ အားကစားဆိုင်ရာ ကုန်ထုတ်လုပ်မှု အဆင့်မြှင့်တင်ရေးကို တွန်းအားပေးမည် ဖြစ်ပြီး အားကစားသုံးကုန်များ ထုတ်လုပ်သော ကုမ္ပဏီများအား ထူးခြားချက်ပါရှိပြီး အရည်အသွေး ကောင်းမွန်သော ပြည်တွင်း ထုတ်ကုန် တံဆိပ်ကောင်းများ၊ ကုန်ပစ္စည်းများ ထုတ်လုပ်ရန် အားပေးမည် ဖြစ်ကြောင်း၊ ကာယလေ့ကျင့်မှုဆိုင်ရာ စားသုံးမှုများကို တည်ငြိမ်စွာ တိုးချဲ့သွားမည်ဖြစ်ပြီး လဟာပြင် အားကစားလှုပ်ရှားမှု ဖွံ့ဖြိုးတိုးတက်လာအောင် အားဖြည့်ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။