အရှေ့မြေထဲပင်လယ်သို့ သင်္ဘောကို စေလွှတ်မည်ဟု အမေရိကန်ဗဟိုစစ်ဌာနချုပ်မှ ဆို

(GMT+08:00)2024-03-11 12:19:00  

မကြာသေးမီက အမေရိကန်သမ္မတဘိုင်ဒန်သည် ရေကြောင်းမှတစ်ဆင့် လူသားချင်း စာနာထောက်ထားမှုကို သယ်ယူပို့ဆောင်ရန်အတွက် ပါလက်စတိုင်း ဂါဇာ ဒေသရှိ မြေထဲပင်လယ်ကမ်းရိုးတန်း၌ ယာယီဆိပ်ကမ်းတစ်ခုကို တည်ဆောက်ရန် ပြင်ဆင် နေသည်ဟု ကြေညာခဲ့ကြောင်း၊ ယင်းလုပ်ရပ်အပေါ် ဘက်ပေါင်းစုံမှ မယုံသင်္ကာမှုများ ဖော်ပြကြကြောင်း၊ အမေရိကန်ဗဟိုစစ်ဦးစီးဌာနက မတ်လ ၁၀ရက်နေ့က ကြေညာ ချက်ကို ထုတ်ပြန်ခဲ့ရာတွင် အမေရိကန် ကြည်းတပ်မှ သင်္ဘော တစ်စင်းသည် ဆိပ်ကမ်း ဆောက်လုပ်ရန် အသုံးပြုမည့် စက်ယန္တယား တင်ဆောင်ကာ အရှေ့မြေထဲ ပင်လယ်သို့ သွားခဲ့ပြီဟု ဖော်ပြ ခဲ့ ကြောင်း China Media Groupမှ သတင်းအရ သိရပါသည်။