အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုသည် ငွေရေးကြေးရေး အန္တရာယ်များကို ဖြေရှင်းရန် အရင်းခံ နည်းလမ်း ဖြစ်သည်ဟု လီယူဇယ်ဆို

(GMT+08:00)2024-03-11 18:46:43  

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ်အစည်းအဝေး၏ တတိယအကြိမ် ဝန်ကြီးများတွေ့ဆုံပွဲကို မတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပရာ တရုတ် ငွေရေးကြေးရေး ကြီးကြပ်မှုနှင့် စီမံခန့်ခွဲမှု ဌာနချုပ်မှ ဝန်ကြီး လီယူဇယ် က  သတင်းထောက်များ၏မေးမြန်းချက်ကို ဖြေကြားခဲ့ပါသည်။

လီယူဇယ်က ဘဏ္ဍာရေး အန္တရာယ်များကို ကြိုတင်ကာကွယ်ရေးနှင့် ဖြေရှင်းရေးသည် ငွေရေးကြေးရေး လုပ်ငန်းတွင် အရေးကြီးသော အကြောင်းပင် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တရုတ်နိုင်ငံ၏ ငွေရေးကြေးရေး အန္တရာယ်များကို ယေဘုယျအားဖြင့် ထိန်းချုပ်နိုင်ပြီး ငွေရေးကြေးရေး လုံခြုံမှု အခြေခံ အလွန်ခိုင်မာကြောင်း၊ အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရန်အတွက် တရုတ်နိုင်ငံသည် လုံလောက်သော အရင်းအမြစ်များနှင့် အခြေအနေများရှိပြီး နိုင်ငံတော် ငွေရေးကြေးရေး လုံခြုံမှုကို ထိန်းသိမ်းရန် ယုံကြည်စိတ်၊ အရည်အချင်းနှင့် စွမ်းအား အပြည့်အဝရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု၊ အထူးသဖြင့် အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုသည် အန္တရာယ်များကို ဖြေရှင်းရန် အရင်းခံနည်းလမ်း  ဖြစ်ကြောင်း ပြောကြားခဲ့ သည်။