အစည်းအဝေး နှစ်ခုအပေါ် ကမ္ဘာကြီး၏ အမြင်များ- " တရုတ်နိုင်ငံသည် ထူးခြားသော စိတ်ဓာတ် တစ်မျိုး ရှိသည် "

(GMT+08:00)2024-03-11 12:00:50  

   လွန်ခဲ့သည့် တစ်နှစ်အတွင်း China Media Group မှ အင်တာဗျူးကို လက်ခံ ကြသည့် နိုင်ငံအသီးသီးမှ ခေါင်းဆောင်များသည် တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှု အကြောင်းကို ပြောမိကြသည့်အခါ တရုတ်နိုင်ငံ ခေါင်းဆောင်သည် ရှင်းလင်းပြတ်သားသော ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက် ရှိကြောင်း၊ တရုတ်ပြည်သူများ စည်းလုံးညီညွတ်ပြီး လက်တွဲ ကြိုးပမ်းကာ တရုတ်နိုင်ငံသည် ထူးခြားသော စိတ်ဓာတ်တစ်မျိုး ရှိကြောင်း၊ တရုတ်     အသွင်ပုံစံ ခေတ်မီရေးသည် "ခေတ်မီရေးသည် အနောက်တိုင်းပုံစံခေတ်မီရေးပင် ဖြစ်ခြင်း" ဟူသော အတွေးအမြင်ကို ပယ်ချခဲ့ကြောင်း အသီးသီး ဖော်ပြခဲ့ကြပါသည်။

   ဘရာဇီး သမ္မတ လူလာက တရုတ်နိုင်ငံ တစ်ရှိန်ထိုး ဖွံ့ဖြိုးတိုးတက်လာခြင်းသည် တရုတ်နိုင်ငံ၏ နိုင်ငံရေးစွမ်းအားနှင့် နိုင်ငံရေး ရင့်ကျက်မှု၏ ပြသခြင်း ဖြစ်ကြောင်း ပြောကြားပါသည်။

  ဇန်ဘီယာ သမ္မတ ဟီချီလေမာက တရုတ်နိုင်ငံ ရွေးချယ်သည့် ဖွံ့ဖြိုးတိုးတက်ရေး ပုံစံသည် တရုတ်နိုင်ငံ၏ အခြေအနေကို သစ်လွင်လာစေပြီး အားကျဖွယ်ရာ ကောင်းပါကြောင်း ပြောကြားပါသည်။

   ကင်ညာသမ္မတ လူတိုက တရုတ်ပြည်၏ ရွေးချယ်မှုကြောင့် ယနေ့ တရုတ်ပြည် ဖြစ်တည်လာခြင်းပင် ဖြစ်ကြောင်း ပြောကြားပါသည်။

   ကမ္ဘာ့စီးပွားရေးဖိုရမ် ဥက္ကဋ္ဌ ချီဝါဘ်က တရုတ်နိုင်ငံသည် စိတ်ဓာတ် တစ်မျိုး၊ သန္နိဋ္ဌာန် တစ်မျိုး၊ အရှိန်ကောင်း တစ်မျိုး ရှိပြီး ယင်းတို့သည် တရုတ်ပြည် စီးပွားရေးကို တစ်ရှိန်ထိုး ဖွံ့ဖြိုးတိုးတက်လာစေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။