ရပ်တည်ချက်ကွာဟလွန်းသဖြင့် ပါလက်စတိုင်း-အစ္စရေးအကြား အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးမှု လိပ်ခဲတည်းလည်း ဖြစ်နေ

(GMT+08:00)2024-03-11 12:01:49  

ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ဆောင်ရန် ညှိနှိုင်းမှုများ ခက်ခက်ခဲခဲ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သည်။ အစ္စရေးနှင့် ဟားမတ်စ်တို့သည် အပစ်အခတ်ရပ်စဲရေး၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အပစ်အခတ်ရပ်စဲရေးကာလ နှင့် ဖမ်းဆီးသူများကို မည်ကဲ့သို့ လွှတ်ပေးရမည် စသည့် အဓိကကိစ္စရပ်များတွင် ရပ်တည်ချက်များ လွန်စွာ ကွဲပြားနေ သော်လည်း စေ့စပ်ညှိနှိုင်းမှုများမှာ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပါသည်။ ဒေသစံတော်ချိန် မတ်လ  ၁၀ ရက်နေ့က ကြားဝင်ဖျန်ဖြေသူဖြစ်သည့် အီဂျစ်နိုင်ငံသည် လာမည့် ရမ်ဇာန်လအတွင်း အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကို တွန်းအားပေးရန်အတွက် ဟားမတ်စ်နှင့် အစ္စရေးမှ အကြီးတန်း အရာရှိများနှင့် ထိတွေ့ဆက်ဆံခဲ့သည်ဟု အီဂျစ်သတင်းအရင်းအမြစ်များ၏ အဆိုအရ သိရပါသည်။