လေးဖက်ကနေ ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေးကို တစ်ဆင့်တိုး အားဖြည့်မည်ဟု တရုတ်ပညာမူပိုင်ခွင့် ဌာနချုပ် ဝန်ကြီး ဆို

(GMT+08:00)2024-03-11 19:23:35  

  တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ် အစည်းအဝေး၏ တတိယအကြိမ် ဝန်ကြီးများတွေ့ဆုံပွဲကို မတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းက ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပရာ တရုတ်ပညာမူပိုင်ခွင့် ဌာနချုပ် ဝန်ကြီး ရှင်ချန်ယူသည် သတင်းထောက်များ၏ မေးမြန်းချက်ကို ဖြေကြားခဲ့ပါသည်။

  ရှင်ချန်ယူက ယခုနှစ်တွင် လေးဖက်မှနေ လုပ်ငန်းများကို အားဖြည့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယင်းတို့သည် ပညာမူပိုင်ခွင့် ထိန်းသိမ်းကာကွယ်ရေး စည်းစနစ် တည်ထောင်ခြင်းကို တစ်ဆင့်တိုး အားဖြည့်ရန်၊ ပညာမူပိုင်ခွင့်ဆိုင်ရာ ဥပဒေ စည်းမျဉ်းစည်းကမ်းများ ပိုမို ပြည့်စုံကောင်းမွန်လာအောင် ဆောင်ရွက်ရန်၊ ပညာမူပိုင်ခွင့်ကို အရင်းအမြစ်မှနေ အားဖြည့် ထိန်းသိမ်းကာကွယ်ရန်နှင့် ပညာမူပိုင်ခွင့် ထိန်းသိမ်း ကာကွယ်ရေး ပလက်ဖောင်း စနစ်များ ပိုမို ပြည့်စုံကောင်းမွန်လာအောင် ဆောင်ရွက်ရန်တို့ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။