ဖူကျိုးမြို့တွင် ကမာကောင်များ နွေဦး အထွက်ကောင်းချိန် ရောက်ရှိ

(GMT+08:00)2024-03-11 12:15:34  

မတ်လ ၁၀ရက်နေ့တွင် ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ လျန်ကျန်းခရိုင် တင့် ပင်လယ်ကွေ့ရပ် ဝန်းရှိ ကမာ မွေးမြူရေးခြံသည် နွေဦး အထွက်ကောင်းချိန်သို့ ရောက်ရှိနေပြီး တံငါသည်များ သည် ငါးဖမ်းလှေများဖြင့် ကမာများကို ဖမ်းယူရန် အလုပ်များနေပါသည်။

ယခုနှစ်များတွင် လျန်ကျန်းခရိုင်သည် သိပ္ပံနည်းပညာဖြင့် ပင်လယ်လုပ်ငန်းနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခဲ့ပြီး ထူးခြားချက်ပါရှိသော ပင်လယ်ခရီးသွားလုပ်ငန်းနှင့် ပင်လယ်ကမ်းလွန်ဂေဟစနစ် မွေးမြူရေးကို အားဖြည့်ဆောင်ရွက်ခဲ့ပါသည်။