ရေခဲနှင့် ဆီးနှင်းများသည် ရွှေတောင် ငွေ တောင် များအဖြစ်သို့ ပြောင်းလဲနေသည်ဟု စွန်ယဲ့လီ ဆို

(GMT+08:00)2024-03-11 17:34:56  

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ဒုတိယအကြိမ်အစည်းအဝေး၏ တတိယအကြိမ် ဝန်ကြီးများတွေ့ဆုံပွဲကို မတ်လ (၁၁)ရက်နေ့ မွန်းလွဲပိုင်းက ပြည်သူ့ခန်းမဆောင်ကြီး၌ ကျင်းပရာ တရုတ်ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီး စွန်ယဲ့လီ က China Media Group မှ သတင်းထောက်များ၏မေးမြန်းချက်ကို ဖြေကြားခဲ့ပါသည်။ .

စွန်ယဲ့လီက ပြီးခဲ့တဲ့နှစ် ဆောင်းရာသီအစကတည်းက Harbin မှာ ရေခဲနှင့်ဆီးနှင်း ခရီးသွားလုပ်ငန်းတွေ အရှိန်မြှင့်လာခဲ့ကြောင်း၊ ဒေသခံစာရင်းဇယားတွေအရ နိုဝင်ဘာလကနေ ဖေဖော်ဝါရီလအထိ Heilongjiang ပြည်နယ်ကို လူဦးရေ သန်း ၁၂၀ လောက် လာရောက်လည်ပတ်ခဲ့ပြီး ခရီးသွားလုပ်ငန်း ဝင်ငွေက ယွမ် ၁၇၀ ဘီလီယံအထိ ရှိခဲ့ကြောင်း၊ Harbin ၏ ခရီးသွားလာမှု အရှိန်အဟုန်သည် အရှေ့မြောက်ဒေသတစ်ခုလုံး ခရီးသွားလုပ်ငန်းကိုလည်း တွန်းအားပေးခဲ့ကြောင်း၊ သမ္မတ ရှီကျင့်ဖိန် က ရေခဲနှင့်ဆီးနှင်းများသည်လည်း ရွှေ တောင် ငွေတောင်များဖြစ်တယ်လို့ပြောကြားခဲ့ဖူးပြီး ယခုအခါ ရေခဲနှင့် ဆီးနှင်းများသည် ရွှေ တောင် ငွေတောင်များအဖြစ်သို့  ပြောင်းလဲနေကြောင်း ပြောကြားခဲ့ ပါသည်။