အင်ဒိုနီးရှားနိုင်ငံ မာလူကူ ပြည်နယ်အနီး ပင်လယ်ပြင်တွင် ပြင်းအား ၅.၂ အဆင့် ငလျင် လှုပ်ခတ်

(GMT+08:00)2024-03-10 16:43:56  

အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ ရာသီဥတုနှင့် ဘူမိရူပဗေဒဦးစီးဌာန၏ သတင်းအရ ဒေသစံတော်ချိန် မတ်လ ၁၀ ရက်နေ့ ၁၀ နာရီ ၅ မိနစ်အချိန်မှာ အင်ဒိုနီးရှားနိုင်ငံ မာလူကူပြည်နယ် အရှေ့မြောက်ဘက် ၁၈၈ ကီလိုမီတာအကွာ ပင်လယ်ပြင်တွင် ပြင်းအား ၅.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရပါသည်။ ငလျင်ဗဟိုသည် တောင်လတ္တီတွဒ် ၇.၄၈ဒီဂရီ ၊ အရှေ့လောင်ဂျီကျု ၁၂၉ .၃၅ဒီဂရီတွင်ရှိပြီး  အနက် ကီလိုမီတာ ၈၀ ဖြစ်သည်။