တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် တန်ဇန်းနီးယားသမ္မတဟောင်း Mwinyi ကွယ်လွန်ခြင်းအတွက် တန်ဇန်းနီးယားသမ္မတHassanထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2024-03-10 16:44:20  

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည်  တန်ဇန်းနီးယားသမ္မတဟောင်း Mwinyi ကွယ်လွန်ခြင်းအတွက် တန်ဇန်းနီးယားသမ္မတHassanထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့သည်။ ရှီကျင့်ဖိန်သည် တရုတ်အစိုးရနှင့်တရုတ်ပြည်သူများ ကိုယ်စား မိမိအနေနှင့် ဝမ်းနည်းကြေကွဲကြောင်းဖော်ပြပြီး တန်ဇန်းနီးယားအစိုးရ၊ပြည်သူများနှင့် သမ္မတဟောင်း Mwinyi၏ကျန်ရစ်သူမိသားစုအား စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်ခဲ့ကြောင်း သိရပါသည်။