အစည်းအဝေး နှစ်ခု၏ ဒီမိုကရေစီဖြစ်စဉ်မှနေ တရုတ်ပြည်အကြောင်း နားလည်သိရှိ

(GMT+08:00)2024-03-10 16:45:55  

ယခုနှစ်သည် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် တည်ထောင်ခဲ့ခြင်း နှစ် ၇၀ ပြည့်မြောက်သည့်နှစ်နှင့် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် တည်ထောင်ခဲ့ခြင်း ၇၅ နှစ် ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် ၃၀၀၀ နီးပါးနှင့် ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင် ၂၁၀၀ ကျော်တို့သည် တရုတ်ပြည် ဒေသအရပ်ရပ်မှ ဘေကျင်းသို့ လာရောက် စုစည်းကြပြီး နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုချက်များကို တင်သွင်းကြကာ တရုတ်အသွင်ပုံစံ ဒီမိုကရေစီ၏ ရှင်သန်မှုကို နောက်ထပ် တစ်ကြိမ် ပြသနေပါသည်။

ယခုနှစ်များအတွင်း တရုတ်နိုင်ငံ၏ ဖြစ်စဉ်တစ်ရပ်လုံး ပြည်သူ့ဒီမိုကရေစီစနစ်သည် နိုင်ငံတကာ မိသားစုကြီးမှ ကျယ်ပြန့်သော အာရုံစိုက်မှုကို ရရှိခဲ့ပါသည်။ ယင်းဒီမိုကရေစီ အတွေးအမြင်အရ တရုတ်ပြည်သူတစ်ရပ်လုံးသည် ဥပဒေနှင့်အညီ ဒီမိုကရေစီကျကျ ရွေးချယ်ခြင်း၊ ဒီမိုကရေစီကျကျ တိုင်ပင်ဆွေးဆွေးခြင်း၊ ဒီမိုကရေစီကျကျ ဆုံးဖြတ်ခြင်း၊ ဒီမိုကရေစီကျကျ စီမံခန့်ခွဲခြင်း၊ ဒီမိုကရေစီကျကျ ကြပ်မတ်ခြင်းတို့ကို ဖော်ဆောင်ပြီး ဥပဒေနှင့်အညီ လမ်းကြောင်းမျိုးစုံ၊ အသွင်ပုံစံမျိုးစုံဖြင့် တိုင်းရေးပြည်ရာများ၊ စီးပွားရေးနှင့် ယဉ်ကျေးမှု ရေးရာများ၊ လူမှုရေး ရေးရာများကို ပါဝင် စီမံခန့်ခွဲနေကြပါသည်။

တရုတ်နိုင်ငံ အဆင့်ဆင့်သော ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များသည် ဒီမိုကရေစီ ကျကျ ရွေးချယ်လာခြင်း ဖြစ်ပြီး ပြည်သူများအပေါ် တာဝန်ယူကာ ပြည်သူများမှ ကြပ်မတ်မှုကိုလည်း ခံယူပါသည်။ ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် ၃၀၀၀ နီးပါးတို့သည် တရုတ်ပြည်သူပေါင်း သန်း ၁၄၀၀ ကို ကိုယ်စားပြုပြီး စိစစ်ခွင့်၊ အကြံ တင်သွင်းခွင့်၊ မဲပေးဆုံးဖြတ်ခွင့်၊ ရွေးချယ်တင်မြှောက်ခွင့်များကို ကျင့်သုံးပါသည်။ တစ်ချိန်တည်းတွင် ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီဝင်များသည် ပါတီ၊ အဖွဲ့အစည်း၊ လုပ်ငန်းနယ်ပယ် အသီးသီးမှ လာကြသည် ဖြစ်ပြီး ဒီမိုကရေစီကျကျ ကြပ်မတ်ခြင်း၊ နိုင်ငံရေးတွင် အတိုင်ပင်ခံခြင်းတို့ဖြင့် နိုင်ငံ၏ စီမံခန့်ခွဲရေးတွင် ပါဝင်ဆောင်ရွက်ကြပါသည်။

စာရင်းအရ လွန်ခဲ့သည့်နှစ်တွင် တရုတ်နိုင်ငံတော်ကောင်စီ ဌာနအသီးသီးတို့သည် အစည်းအဝေး နှစ်ခုမှ အကြံပြုချက်၊ အဆိုပြုချက်ပေါင်း ၁၂၀၀၀ ကျော်ကို အားလုံး ပြီးမြောက်အောင် လုပ်ဆောင်ပေးခဲ့ပြီ ဖြစ်ပြီး တရုတ်ပြည် စီးပွားရေး အရည်အသွေး မြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုများ၏ နေထိုင်မှုဘဝကို အားကောင်းစွာ တိုးမြှင့်ပေးခဲ့ပါသည်။

အစည်းအဝေး နှစ်ခုကနေ ကမ္ဘာကြီးသည် တရုတ်နိုင်ငံ၏ ဒီမိုကရေစီ မက်ခရို လည်ပတ်မှု အခြေအနေနှင့် တရုတ်နိုင်ငံ၏ ဒီမိုကရေစီနိုင်ငံရေးစနစ်၏ အားသာချက်များကို နားလည်သိရှိနိုင်ပြီး တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်ရေး၏ အရင်းအမြစ်များကိုလည်း နားလည်သိရှိနိုင်ပါသည်ဟု China Media Groupမှ သတင်း ဆောင်းပါး တစ်ပုဒ်တွင် ရေးသားဖော်ပြထားပါသည်။