စစ်ပွဲကနေ အကျိုးအမြတ် အမြောက်အမြား ရရှိတယ်လို့ ကန် ကာကွယ်ရေး ဝန်ကြီးက ပြောင်ပြောင်တင်းတင်း ဝန်ခံပြောဆိုခြင်းဟာ ကမ္ဘာကြီးအား သတိပေး

(GMT+08:00)2024-03-10 16:40:57  

ကြာရှည်တဲ့ကာလအတွင်း အမေရိကန်က စစ်ပွဲများကနေ အကျိုးအမြတ် အမြောက်အမြား ရရှိလာခြင်းဟာ လူသိများတဲ့ ကိစ္စပဲ ဖြစ်တယ်။ ရုရှားနဲ့ ယူကရိန်း ပဋိပက္ခများ ဆက်တိုက် ဆိုးရွားလာတာနဲ့အမျှ "ငြိမ်းချမ်းရေး" နဲ့ "ဒီမိုကရေစီ" ကို အမြဲ ပြောနေကြတဲ့ အမေရိကန် နိုင်ငံရေးသမားတို့ကလည်း ဟန်မဆောင်တော့ဘဲ ဒီအချက်ကို ဝန်ခံခဲ့ကြတယ်။

   မကြာခင်က အိမ်ဖြူတော်ရဲ့ အစည်းအဝေး တစ်ခုမှာ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Lloyd Austin က ရုရှားနဲ့ ယူကရိန်း ပဋိပက္ခဟာ အမေရိကန်ရဲ့ စီးပွားရေး အတွက် အကျိုးအမြတ် များစွာ ဆောင်ကြဉ်းပေးလာခဲ့တယ်။ အမေရိကန်က ယူကရိန်းသို့ ပို့ဆောင်ခဲ့တဲ့ လက်နက်များဟာ အမေရိကန် ဒေသအရပ်ရပ်က အလုပ်သမားတွေ အမေရိကန်မှာ ထုတ်လုပ်ခဲ့တာ ဖြစ်တယ်။ အဲဒီ ရင်းမြှုပ်နှံမှုများဟာ အမေရိကန်ရဲ့ အခြေခံ အဆောက်အအုံများရဲ့ အတိုင်းအတာကို တိုးချဲ့ပေးပြီး အမေရိကန် အလုပ်သမားများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးခဲ့တယ်လို့ ပြောခဲ့တယ်။ ဒါ့အပြင် Lloyd Austin က အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ ယူကရိန်း နိုင်ငံသားများကို ပဋိပက္ခမှာ ဆက်လက် ပါဝင်စေခဲ့ပြီး အဲဒါဟာ တစ်ချိန်တည်းမှာ အမေရိကန်ရဲ့ စီးပွားရေးအတွက် အကျိုးပြုနေတယ်လို့လည်း ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့တယ်။

  ရုရှားနဲ့ ယူကရိန်း ပဋိပက္ခဟာ ဒုတိယ ကမ္ဘာစစ်ကြီး အပြီး ဥရောပမှာ ဖြစ်ပွားခဲ့တဲ့ အပြင်းထန်ဆုံးသော စစ်ပွဲ ဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံများနဲ့ ဥရောပနိုင်ငံများကို ပြင်းထန် ဆိုးရွားတဲ့ နစ်နာမှုများ ခံရစေခဲ့တယ်။ ဒါပေမယ့် အမေရိကန်ကို အကြီးဆုံး အောင်နိုင်သူ ဖြစ်လာစေတယ်။ အမေရိကန်ရဲ့ လက်နက် ကုန်သည်များ၊ စွမ်းအင် ကုန်သည်များ၊ လယ်ထွက်ကုန် ကုန်သည်များ အားလုံး ယူကရိန်း ပြည်သူများရဲ့ နာကြည်းမှုများထဲကနေ အမြတ်အစွန်း အမြောက်အမြား ရရှိနိုင်ခဲ့ကြတယ်။

   အမေရိကန်ဟာ စစ်ပွဲကနေ မသမာနည်းနဲ့ အကျိုးအမြတ် အမြောက်အမြား ရရှိခဲ့တယ်၊ ဒါပေမယ့် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ကတော့ ဒါ့အတွက် ပီတိဖြာနေပါသေးတယ်။

   "စစ်ပွဲကို သွေးထိုးလှုံ့ဆော်ခြင်း၊ စစ်ပွဲကို ပြုလုပ်ခြင်း၊ စစ်ပွဲကနေ ကြီးပွားချမ်းသာခြင်း၊ ဗိုလ်ကျစိုးမိုးမှုကို ပိုမို ခိုင်ခံ့စေခြင်း"ဟာ အမေရိကန် "စစ်ပွဲယန္တရား" လည်ပတ်မှုရဲ့ လော့ဂျစ်ပဲ ဖြစ်တယ်ဆိုတာ လူအများ ဒီကိစ္စကနေ ရှင်းရှင်းလင်းလင်း သိမြင်ရပါတယ်။

   နိုင်ငံတကာ တရားမျှတမှု ထိန်းသိမ်းကာကွယ်ရေး အင်အားများ ကြီးထွားလာမှသာ အမေရိကန်ရဲ့ "စစ်ပွဲ ယန္တရား"ကို ထိရောက်စွာ ဟန့်တားနိုင်ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ပိုမိုများပြားတဲ့ အာမခံချက်တွေ ရှိနိုင်မယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြ ထားပါတယ်။