ရှီကျင့်ဖိန်သည် ပါကစ္စတန် သမ္မတ အဖြစ် ရွေးချယ်ခံရသော Zardari အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

(GMT+08:00)2024-03-10 16:45:04  

 မတ်လ ၁၀ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပါကစ္စတန် သမ္မတ အဖြစ် ရွေးချယ်ခံရသော Zardari အား ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါသည်။

   ရှီကျင့်ဖိန်၏ သဝဏ်လွှာတွင် တရုတ်နှင့် ပါကစ္စတန်တို့သည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းနှင့် ညီအစ်ကိုကောင်း ဖြစ်ပြီး နှစ်နိုင်ငံအကြား သံမဏိ ချစ်ကြည်ရေးသည် သမိုင်း၏ ရွေးချယ်ခြင်း ဖြစ်၍ နှစ်နိုင်ငံ ပြည်သူများ၏ တန်ဖိုးရှိ ဓနပင် ဖြစ်ကြောင်း၊ မိမိသည် တရုတ်နှင့် ပါကစ္စတန် ချစ်ကြည်ရေး ဆက်ဆံမှု တိုးတက်ရေးကို လွန်စွာ အလေးထားပြီး သမ္မတ Zardari နှင့်အတူ နှစ်နိုင်ငံ ချစ်ကြည်ရေး အစဉ်အလာ ထွန်းကားလာအောင် ဆောင်ရွက်လိုကြောင်း၊ နယ်ပယ်အသီးသီးမှ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုနှင့် နှစ်ဖက်အကြား အစဉ်တစိုက် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဆက်ဆံမှုကို တွန်းအားပေးပြီး ခေတ်သစ်တွင် ပိုမို ရင်းနှီးသော တရုတ်-ပါကစ္စတန် ကံကြမ္မာတူအသိုက်အဝန်း တည်ထောင်ရေးကို တိုးမြှင့်၍ နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမို ကောင်းမွန်စွာ အကျိုးပြုပေးလိုပါကြောင်း ရေးသားဖော်ပြထားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။