၉ ရက်နေ့တွင် ပင်လယ်နီ၌ ဒရုန်း ၂၈ စင်းထက်မနည်း ပစ်ချဟု အမေရိကန် ဗဟိုစစ်ဌာနချုပ် ဆို

(GMT+08:00)2024-03-10 16:43:25  

ဒေသစံတော်ချိန် မတ်လ ၉ ရက်နေ့က အမေရိကန် ဗဟိုစစ်ဌာနချုပ်မှ လူမှုကွန်ရက် ပလက်ဖေါင်း  (မူလက တွစ်တာ)ပေါ်၌ ကြေညာချက် ထုတ်ပြန်ခဲ့ရာ ၉ ရက်နေ့ နံနက် ၄ နာရီမှ ၈ နာရီ မိနစ် ၂၀ အတွင်း အမေရိကန်နှင့် မဟာမိတ် တပ်ဖွဲ့တို့သည် ပင်လယ်နီ၌ ဒရုန်း ၂၈ စင်းထက်မနည်း ပစ်ချခဲ့ကြောင်း ဖော်ပြခဲ့သည်။

အဆိုပါတိုက်ခိုက်မှုတွင် အမေရိကန်နှင့် မဟာမိတ် ရေတပ်မှသင်္ဘောများ ထိခိုက်ပျက်စီးမှုမရှိကြောင်း၊ စီးပွားဖြစ် သင်္ဘောများလည်း ထိခိုက်ပျက်စီးမှုမရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။