တရုတ်နိုင်ငံ CPPCC အစည်းအဝေး ပိတ်ပွဲအခမ်းအနား ကျင်းပ

(GMT+08:00)2024-03-10 16:41:22  

မတ်လ ၁၀ရက်နေ့ နံနက်၉နာရီတွင် တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် (CPPCC) ၁၄ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ကော်မတီ ဒုတိယအကြိမ် အစည်းအဝေး ပိတ်ပွဲအခမ်းအနားကို ဘေကျင်းပြည်သူ့ခန်းမဆောင်ကြီးမှာ ကျင်းပပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟို စစ်ရေး ကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန် အပါအဝင် ပါတီနှင့်နိုင်ငံတော်ခေါင်းဆောင်များ တက်ရောက်ကြပါသည်။