တရုတ်နိုင်ငံ၏ အရည်အသွေးသစ်ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်မှုသည် တရုတ်ပုံစံ ခေတ်မီမှုကို ထိထိရောက်ရောက် မြှင့်တင်ကြောင်း နိုင်ငံအများအပြားမှ ပုဂ္ဂိုလ်များ ပြောကြား

(GMT+08:00)2024-03-10 16:42:13  

ဘယ်လ်ဂျီယံ တရုတ်စီးပွားကုန်သွယ်ရေးကော်မရှင် ဥက္ကဋ္ဌ ဒယ်ဝိတ် က သမ္မတ ရှီကျင့်ဖိန် အလေးပေး ပြောထားသော ဒေသအခြေအနေအရ အရည်အသွေးသစ်ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေးသည် အလွန်အရေးကြီးသည်ဟု မိမိထင်ပါကြောင်း၊ ၎င်းသည် သူကိုယ်တိုင်နှင့် တရုတ်အစိုးရ၏ လက်တွေ့ကျသော စိတ်ဓာတ်ကို ထင်ဟပ်စေကြောင်း ပြောကြားပါသည်။

  အီတလီနိုင်ငံ ထရန်တို တက္ကသိုလ်မှ တရားဥပဒေရေးရာ တွဲဖက်ပါမောက္ခ ကာဒီလိုက တရုတ်သမ္မတ ရှီကျင့်ဖိန်က ဖွံ့ဖြိုးတိုးတက်မှု အယူအဆသစ်ကို အလေးပေး ဖော်ပြခဲ့ပြီး အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားသည် တရုတ်အစိုးရ၏ နိုင်ငံရေး စီမံခန့်ခွဲမှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့ပြီဟုပြောကြားသည်။

ဂျပန်နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးအသင်းမှစီးပွားရေးဌာနဒါရိုက်တာ ယူကီ အီဇူမီကာဝါက စွမ်းအင်သစ်သုံးမော်တော်ကားများ၊ လီသီယမ်ဘက်ထရီများနှင့် Photovoltaic ထုတ်ကုန်များသည် "အရာသစ်သုံးမျိုး" ဟုအခေါ်ခံရပြီး တရုတ်နိုင်ငံ၏တိုးတက်မှုမောင်းနှင်အားအသစ်ဖြစ်လာကာ ယင်းသည် ကမ္ဘာကို အကျိုးရှိစေမည့် ဗျူဟာမြောက် ဦးတည်ချက်ဖြစ်၍ ဂျပန်ကုမ္ပဏီများကလည်း အလွန်မျှော်လင့်ထားသည်ဟု ပြောကြားပါသည်။