Asif Ali Zardari သည် ပါကစ္စတန်သမ္မတသစ်အဖြစ် ရွေးချယ်ခံရ

(GMT+08:00)2024-03-10 16:41:47  

ပါကစ္စတန်နိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ချက်အရ မတ်လ ၉ရက်နေ့တွင် Asif Ali Zardari သည် ပါကစ္စတန်နိုင်ငံ သမ္မတသစ်အဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါသည်။

မတ်လ ၉ရက်နေ့တွင် ပါကစ္စတန်နိုင်ငံ သမ္မတ ရွေးကောက်ပွဲ ကျင်းပခဲ့ပါသည်။ ပါကစ္စတန် ပြည်သူ့ပါတီနှင့် Pakistan Muslim League မှ သမ္မတလောင်း Asif Ali Zardari နှင့် Sunni Ittehad Council မှ Mahmood Khan Achakzai တို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။