"ပေါင်းနည်း"နဲ့ "နုတ်နည်း" တို့နဲ့ နိုင်ငံခြား လုပ်ငန်းရှင်များရဲ့ တရုတ်ပြည်မှာ ရင်းနှီးမြှုပ်နှံရေး အခွင့်အလမ်း ပိုမို များပြားလာ

(GMT+08:00)2024-03-09 13:19:06  

တရုတ်နိုင်ငံက နိုင်ငံခြား ငွေရင်းမြှုပ်နှံမှုကို ဘယ်လိုဆွဲဆောင် အသုံးပြုသလဲ၊ တံခါးဖွင့်ရေးကို ဘယ်လို တိုးချဲ့သလဲ။ ယခုနှစ်ရဲ့ တရုတ်အစိုးရလုပ်ငန်း အစီရင်ခံစာမှာ  "ပေါင်းနည်း"နဲ့"နုတ်နည်း" တို့နဲ့ အဖြေ ပေးလိုက်ပါတယ်။

   "ပေါင်းနည်း"ဆိုတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဟာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့ အားပေးတဲ့ လုပ်ငန်းနယ်ပယ် များ အမည်စာရင်းများ တိုးချဲ့ခြင်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အတွက် ဝန်ဆောင်မှု အာမခံချက် အားဖြည့်ခြင်း၊ နိုင်ငံခြားသားများ တရုတ်ပြည်သို့ လာရောက် အလုပ်လုပ်ကိုင်တာ၊ ပညာသင်ယူတာ၊ ခရီးသွားလာတာ အဆင်ပြေချောမွေ့မှုကို တိုးမြှင့်ခြင်း စတဲ့ ဆောင်ရွက်ချက်များကို ဖော်ဆောင်ပေးမှာ ဖြစ်ပါတယ်။

   "နုတ်နည်း" ဆိုတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဟာ နိုင်ငံခြား ငွေရင်းများ ဝင်ခွင့်ပြုရေး Negative list စာရင်းဇယားကို ဆက်လက် လျှော့ချပေးခြင်း၊ ကုန်ထုတ်လုပ်မှု နယ်ပယ်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဈေးကွက်ဝင်ခွင့်ဆိုင်ရာ ကန့်သတ်မှုများကို ဘက်စုံ ဖျက်သိမ်းပေးခြင်း၊ ဆက်သွယ်ရေးနဲ့ ဆေးဝါးကုသရေး အစရှိတဲ့ ဝန်ဆောင်မှု လုပ်ငန်းနယ်ပယ်များမှာ ဈေးကွက် ဝင်ခွင့်ပြုမှုကို ပိုမို ချောင်လည်အောင် ဆောင်ရွက် ပေးခြင်း စတာတွေကို ဖော်ဆောင်ပေးမယ်လို့ အစိုးရလုပ်ငန်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

  "ပေါင်းနည်း"နဲ့ "နုတ်နည်း"အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရေးဆိုင်ရာ "ညီမျှခြင်းပြ အမှတ်လက္ခဏာ" တစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများကို တရုတ်ပြည်တွင်း ကုမ္ပဏီများ နည်းတူ အခွင့်အရေးများ ခံစား စေရခြင်း၊ ဥပဒေအရ အစိုးရဌာနများရဲ့ ဝယ်ယူမှုမှာ၊ ဒေတာတင် ဒေတာခေါ်မှုနဲ့ စံချိန်စံနှုန်းများ သတ်မှတ်မှုတို့မှာ တန်းတူညီမျှစွာ ပါဝင်နိုင်ဖို့ အာမခံပေးခြင်း ဖြစ်ပါတယ်။

  ရင်းနှီးမြှုပ်နှံမှုဟာ အမြတ်အစွန်းအတွက် ဖြစ်ပါတယ်။ တရုတ်အစိုးရမှ ထုတ်ပြန်တဲ့ စာရင်းအရ ပြီးခဲ့တဲ့နှစ်များအတွင်း တရုတ်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြတဲ့ နိုင်ငံခြား ကုမ္ပဏီများရဲ့ အမြတ်အစွန်း ရရှိမှုနှုန်းဟာ ၉ ရာခိုင်နှုန်း ဝန်းကျင်လောက် ရှိပြီး နိုင်ငံတကာမှာ အသင့်အတင့် မြင့်မားတဲ့ နေရာမှာ ရှိနေပါတယ်လို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။