ပါရီအိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၂၆ ရက်နေ့ ည ၇နာရီခွဲတွင် ကျင်းပမည်

(GMT+08:00)2024-03-09 18:26:44  

ပါရီ အိုလံပစ်အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ဒေသစံတော်ချိန် ဇူလိုင်လ ၂၆ ရက်နေ့ ည  ၇နာရီ ၃၀ မိနစ်တွင် ကျင်းပမည်ဟု ပါရီအိုလံပစ်အားကစားပြိုင်ပွဲ စည်းရုံးကျင်းပရေးကော်မတီက မတ်လ ၈ ရက်နေ့က တရားဝင်ကြေညာခဲ့ကြောင်း သိရပါသည်။ 

ပါရီအိုလံပစ်အားကစားပြိုင်ပွဲကို ဇူလိုင်လ ၂၆ ရက်နေ့မှ သြဂုတ်လ ၁၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး မသန်စွမ်းသူများအားကစားပြိုင်ပွဲကို သြဂုတ်လ ၂၈ ရက်နေ့မှ စက်တင်ဘာလ ၈ ရက်နေ့အထိ ကျင်းပ မည် ဖြစ်ကြောင်း သတင်းအရ သိရှိရသည်။