ကနေဒါ အစိုးရရဲ့ လျော်ကြေးပေးမှုဟာ ဒီလူက သူလျှိုဖြစ်ခြင်းဆိုတာကို သက်သေပြ

(GMT+08:00)2024-03-09 13:20:25  

ကနေဒါ မီဒီယာမှ မကြာခင်က ဖော်ပြချက်အရ ကနေဒါ အစိုးရဟာ တရုတ်နိုင်ငံမှာ တရားမဝင် သူလျှို ပြုလုပ်မှုကြောင့် တရုတ်နိုင်ငံမှ ဖမ်းဆီးမှု ခံရပြီး ထောင်ဒဏ် သုံးနှစ် စီရင်ချမှတ် ခံခဲ့ရတဲ့ ကနေဒါ ကုန်သည် Michael Spavor နဲ့ ပြေလည်မှုနှင့်နားလည်မှု ရရှိခဲ့ပြီ ဖြစ်ပြီး Michael Spavor ကို ကနေဒါဒေါ်လာ ၇ သန်း လျော်ကြေးပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

   ၂၀၁၈ ခုနှစ်က Michael Spavor အဖမ်း ခံခဲ့ရတဲ့နောက်ပိုင်း ကနေဒါ အစိုးရဟာ တရုတ်နိုင်ငံက "အကြောင်းမဲ့ ထင်ရာစိုင်း ဖမ်းဆီး ချုပ်နှောင်ခြင်း" ဆိုတဲ့ သတင်းကို အစဉ်တစိုက် ဖြန့်နေခဲ့တယ်။ ဒီအကြိမ် ကနေဒါ အစိုးရရဲ့ လုပ်ရပ်ကတော့ "ကိုယ့်ကိုယ်ကို မျက်နှာပါးရိုက် ခံရခြင်း"ပဲ ဖြစ်တယ်။ ကျွမ်းကျင်ပညာရှင်များက "ပြေလည်မှု ရရှိခြင်း"နဲ့ "လျော်ကြေးပေးခြင်း" ဆိုတာဟာ ကနေဒါအစိုးရ လိပ်ပြာမသန့် ဖြစ်နေခြင်းကို ပြသတဲ့ အပြင် Michael Spavor က ကနေဒါ အစိုးရအတွက် ဝန်ဆောင်မှုပေးတဲ့ သူလျှို ဖြစ်ခြင်းကို သက်သေပြလိုက်တယ်လို့ ထောက်ပြခဲ့ကြပါတယ်။

   တရုတ်လုံခြုံရေးဌာနမှ ထုတ်ပြန်တဲ့ သတင်းအချက်အလက်အရ Michael Spavor ဟာ ကြာရှည်တဲ့ကာလအတွင်း တရုတ်နဲ့ မြောက်ကိုရီးယား နယ်စပ်ဒေသမှာ ကနေဒါ သံတမန်အရာရှိဟောင်း Michael Kovrig အတွက် သတင်းအချက်အလက်များကို စုဆောင်း ပေးကာ တရုတ်ပြည်တွင်းမှာ စစ်ရေးအဆောက်အအုံများဆိုင်ရာ ဓာတ်ပုံနဲ့ ဗီဒီယိုများကို တရားမဝင် ရိုက်ပေးခဲ့ပြီး တရုတ်နိုင်ငံဆိုင်ရာ ကနေဒါ သံရုံးသို့ ပို့ပေးခဲ့တယ်။ သူတို့နှစ်ယောက်က ပြည်ပသို့ ပို့ပေးတဲ့ သတင်းအချက်အလက်များထဲမှာ တရုတ်နိုင်ငံရဲ့ နိုင်ငံအဆင့် လျှို့ဝှက်သတင်းအချက်အလက်များလည်း ပါဝင်ခဲ့တယ်။ သူတို့နှစ်ယောက်က ကနေဒါသို့ ပြန်သွားပြီးနောက် Michael Spavor က Michael Kovrig နဲ့ သူ့နောက်ကွယ်မှာ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးဌာနကို တရားစွပ်စွဲခဲ့တယ်။ ကနေဒါ The Globe and Mailမှ သတင်းအရ Michael Spavor က သူ မသိတဲ့ အခြေအနေမျိုးမှာ Michael Kovrig အား သတင်းအချက်အလက်များကို မျှဝေပေးခဲ့တာ ဖြစ်ပြီး ဒီ့နောက်မှာ Michael Kovrig က သက်ဆိုင်ရာ သတင်းအချက်အလက်များကို ကနေဒါအစိုးရနဲ့ အခြားသော Five Eyes Alliance နိုင်ငံများကို ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုခဲ့တယ်။ ကနေဒါ အစိုးရရဲ့ လျော်ကြေးပေးမှုသည် တရုတ်နိုင်ငံက  "အကြောင်းမဲ့ ထင်ရာစိုင်း ဖန်းဆီး ချုပ်နှောင်ခြင်း" ဆိုတဲ့ ကနေဒါ အစိုးရရဲ့ ပြောဆိုခြင်းဟာ လုပ်ကြံဖန်တီးခြင်း သက်သက် ဖြစ်တာကို သက်သေပြနေပါတယ်။

  မုသားစကားကို များပြားစွာ ဘယ်လိုဘဲပြောပြောအဖြစ်မှန် မဟုတ်ဘူး။ ကနေဒါ အစိုးရ အနေနဲ့ အဖြစ်မှန်ကို လေးစားပြီး မဟုတ်မမှန် ပုတ်ခတ်ပြောဆိုမှုကို ရပ်ဆိုင်းသင့်ပြီလို့ China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော်ပြထားပါတယ်။