နိုင်ဂျီးရီးယား Kaduna ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းကို ဓားပြများ ဝင်တိုက်ခဲ့ပြီး လူ ပေါင်း ၂၈၇ ဦး ပြန်ပေးဆွဲခံခဲ့ရ

(GMT+08:00)2024-03-09 18:20:10  

မတ်လ ၇ ရက်နေ့တွင် နိုင်ဂျီးရီးယားနိုင်ငံ Kaduna ပြည်နယ် Kuriga ဒေသ အစိုးရပိုင်နယ်မြေရှိ ကျောင်းတစ်ကျောင်းသည် ဓားပြများ၏ တိုက်ခိုက်မှုကို ခံခဲ့ရ ပြီး ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများနှင့် ဝန်ထမ်းများ အပါအဝင် လူ ၂၈၇ ဦး ပြန်ပေးဆွဲခံခဲ့ရကြောင်း နိုင်ဂျီးရီးယား မီဒီယာက သတင်းထုတ်ပြန်ခဲ့ပါသည်။

ထိုနေ့ညတွင် Kaduna ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြန်ပေးဆွဲခံရသူများ၏ တိကျအရေအတွက်ကို အတည်ပြုရန် အစိုးရသည် ကျောင်းစီမံခန့်ခွဲရေးဌာနနှင့် ရပ်ကွက်မှ လူများ ပူးပေါင်းပြီး ပြန်ပေးဆွဲခံရသူအားလုံးကို ကယ်တင်ရန် ကတိပြုခဲ့ကြောင်း ပြောကြားခဲ့ပါသည်။