ထိုင်းအကောက်ခွန်ဌာနသည် ခရီးဆောင်အိတ်တွင် “အသေးစား တိရစ္ဆာန်ရုံ” ကို သိမ်းဆည်းခဲ့

(GMT+08:00)2024-03-09 18:21:46  

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်တွင် အိန္ဒိယနိုင်ငံသား ၆ ဦးသည် ခရီးဆောင် အိတ်များဖြင့် တိရစ္ဆာန် ၈၇ ကောင်ကို မှောင်ခိုသယ်ဆောင်ရန် ကြိုးပမ်းခဲ့ခြင်းကြောင့် ၎င်းတို့ကို ဖမ်းဆီး ခဲ့ကြောင်း ထိုင်းအကောက်ခွန်ဌာနက မတ် လ၇ ရက်နေ့တွင်  ကြေညာခဲ့သည်။

မတ်လ ၄ ရက်နေ့က မွမ်ဘိုင်းမြို့သို့ ထွက်ခွာရန် လေဆိပ်သို့ ရောက်ရှိနေသည့် အိန္ဒိယခရီးသည် ၆ ဦး၏ ခရီးဆောင်အိတ်များတွင် “အသေးစား တိရစ္ဆာန်ရုံ” တစ်ရုံကဲ့သို့ မြွေ၊ ကြက်တူရွေး၊ အိမ်မြှောင်၊ ရှဉ့်၊ မျောက် စသည့် တိရစ္ဆာန်များ ယူဆောင်လာ ခြင်းကို  ထိုင်းအကောက်ခွန် ရုံးမှ တာဝန်ရှိသူများ က တွေ့ရှိပြီး အဆိုပါ လူ ၆ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

အဆိုပါ ခရီးသည် ၆ ဦးသည် အများဆုံး ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် ကြီးမားသော ဒဏ်ငွေများ ပေးဆောင် ရ နိုင်ဖွယ် ရှိသည်ဟု AFP မှ သတင်း အရ သိရပါသည်။