ဂါဇာဒေသတွင် ထောက်ပံ့ရေးပစ္စည်းများကို လေယာဉ်ဖြင့် ချပေးခဲ့ရာ မတော်တဆမှုကြောင့် လူအချို့ သေကျေ ဒဏ်ရာရရှိ

(GMT+08:00)2024-03-09 18:22:52  

ဂါဇာ မြောက်ပိုင်းသို့ ထောက်ပံ့ရေးပစ္စည်းများကို လေယာဉ်ဖြင့်  ချပေးခဲ့ရာ ပစ္စည်းထုပ်အချို့ သည် လေထီးများ ပွင့်မလာခြင်းကြောင့် အထုပ်များသည် အရှိန်ပြင်းပြင်းနှင့် ကျလာကာ အရပ်သားများကို ထိမှန်သွားကြောင်း ဂါဇာဒေသရှိ အကြီးဆုံးဆေးရုံဖြစ်သော ရှီဖာဆေးရုံက ဒေသစံတော်ချိန် မတ်လ၈ ရက်နေ့တွင် ကြေညာခဲ့သည်။ အဆိုပါ မတော်တဆမှုကြောင့် ပါလက်စတိုင်းလူမျိုး ၅ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ 

အမေရိကန်သည် ၎င်း၏မဟာမိတ်နိုင်ငံဖြစ်တဲ့  အစ္စရေးအား လူသားချင်း စာနာထောက်ထားမှု လမ်းကြောင်းများကို ဖွင့်ပေးစေနိုင် သို့မဟုတ် အစ္စရေးသို့ လက်နက်များ ပေးပို့ခြင်းကို ရပ်တန့် နိုင်သော်လည်း ထောက်ပံ့ရေးပစ္စည်းများကို လေယာဉ်မှ ချပေးခြင်း ဖြစ်သော ထိရောက် မှု အနည်းဆုံး နည်းလမ်းကို ရွေးချယ်ခဲ့ကြောင်း နိုင်ငံတကာ လူသား ချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အဖွဲ့အစည်း အများအပြားက ယူဆကြသည်။

ဂါဇာဒေသမှ လူအချို့က မိမိတို့သည် ထောက်ပံ့ရေးပစ္စည်းများကို မလိုအပ်ဘဲ သတ်ဖြတ်မှုများ တားမြစ်ရန်သာ  လိုအပ်ကြောင်း ပြောကြားခဲ့ သည်။