ဖေဖော်ဝါရီလတွင် တရုတ်စားသုံးမှုစျေးနှုန်းသည် ယမန်နှစ် အလားတူ အချိန်ပိုင်းက ထက် ၀.၇ ရာခိုင်နှုန်း မြင့်တက်ပြီး လွန်ခဲ့သောလထက် ၁ ရာခိုင်နှုန်းမြင့်တက်

(GMT+08:00)2024-03-09 18:25:26  

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်ပြည် တစ်ပြည်လုံး စားသုံးမှုစျေးနှုန်းသည် ယမန်နှစ် အလားတူ အချိန်ပိုင်းကထက် ၀.၇ရာခိုင်နှုန်းမြင့်တက်ကြောင်း၊ ယင်းတို့အနက် မြို့များတွင် ၀.၈ ရာခိုင်နှုန်း တိုးလာပြီး ကျေးလက်ဒေသတွင် ၀.၅ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း၊ စားသောက်ကုန် ဈေးနှုန်း ၀.၉ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး စားသောက်ကုန် မဟုတ်သောကုန်ပစ္စည်းများ ဈေးနှုန်းမှာ ၁.၁ ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း၊  ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ တစ်ပြည်လုံး စားသုံးကုန် ဈေးနှုန်းများသည် ပျမ်းမျှအားဖြင့် ယမန်နှစ် အလားတူအချိန်ပိုင်းနှင့် တန်းတူနေကြောင်းသိရပါသည်။