တရုတ်အစိုးရ၏ ဥရောပအာရှ ရေးရာ အထူးကိုယ်စားလှယ် Li Hui သည် ယူကရိန်းသို့ သွားရောက်

(GMT+08:00)2024-03-09 13:17:41  

ယူကရိန်းအကျပ်အတည်းကို  နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရေးနှင့်ပတ်သက်၍ ဒုတိယအကြိမ်မြောက် သံတမန်ဆက်ဆံရေး ဆက်လက်လုပ်ဆောင်ရန် တရုတ်အစိုးရ၏ ဥရောပအာရှ ရေးရာ အထူးကိုယ်စားလှယ် Li Hui သည် မတ်လ ၇ ရက်နေ့တွင် ယူကရိန်းနိုင်ငံမြို့တော် ကိဗ် သို့ ရောက်ရှိခဲ့သည်။

အထူးကိုယ်စားလှယ် Li Hui သည် ယူကရိန်းသမ္မတရုံးဥက္ကဋ္ဌ ရဲမတ်ခ်၊ ပထမဒုဝန်ကြီးချုပ်၊ စီးပွားရေးဝန်ကြီး စဗယ်ရီဒန်ကို၊ နိုင်ငံခြားရေးဝန်ကြီး ခူလယ်ဘာ တို့နှင့် တရုတ်-ယူကရိန်းဆက်ဆံရေး၊ ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Fan Xianrong၊ တရုတ်နိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ် ရေယာဘီကင်၊ယူကရိန်းစွမ်းအင်ဝန်ကြီးဌာန ဒုဝန်ကြီး ဂလင်ချူခ် တို့လည်း တက်ရောက် ခဲ့ကြ သည်။