ဂျပန်ကာတွန်းဆရာ Akira Toriyama ကွယ်လွန်၊ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဝမ်းနည်းကြောင်း ဖော်ပြ

(GMT+08:00)2024-03-09 13:25:22  

 တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မတ်လ ၈ရက်နေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက နာမည် ကျော် ဂျပန်ကာတွန်းဆရာ Akira Toriyama သေဆုံးမှုနှင့် ပတ်သက်၍ မေးမြန်းခဲ့သည်။ ယင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က မစ္စတာ Toriyama Akira ၏ကွယ်လွန်မှုအတွက် အလွန်ပင်  ဝမ်းနည်းပြီး သူ့၏မိသားစု ကိုလည်း စိတ်ရင်းမှန်ဖြင့် နှစ်သိမ့်ပါကြောင်း၊  မစ္စတာ Toriyama Akira သည် ကျော်ကြား သော ကာတွန်းဆရာတစ်ဦးဖြစ်ပြီး ၎င်း၏ လက်ရာများသည် တရုတ်နိုင်ငံတွင် လူကြိုက်များကြောင်း၊ တရုတ်-ဂျပန် ယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ပိုမိုများပြားသော ဂျပန်မှ  ပုဂ္ဂိုလ်များ လည်း ပါဝင် လာမည် ဟု ယုံကြည်မျှော်လင့်ကြောင်း ဖြေကြားခဲ့ပါသည်။