တရုတ်ပြည်၏ ဖွံ့ဖြိုးတိုးတက်မှုအောင်မြင်မှုများသည် ကမ္ဘာကို အကျိုးရရှိစေသည်ဟု နိုင်ငံအများအပြားမှ သံတမန်များဆို

(GMT+08:00)2024-03-09 18:24:30  

တရုတ်နိုင်ငံသည် အရည်အချင်းမြင့် တံခါးဖွင့်မှုကို တိုးချဲ့ပြီး အပြန်အလှန်အကျိုးရှိစေရေး ပူး ပေါင်းဆောင်ရွက်မှုများကို တွန်းအားပေးမည်ဖြစ်ကြောင်း   ယခုနှစ်အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ရှင်း လင်းစွာ ဖော်ပြထားပါသည်။ တရုတ်ပြည်နှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တွန်းအားပေးရန် မျှော်လင့် ကြောင်း နိုင်ငံအများအပြားမှ သံတမန်များသည် China Media Groupမှ သတင်းထောက်၏ အင်တာဗျူး ကို လက်ခံရာတွင် အသီးသီးဖော်ပြခဲ့ ကြပါသည်။ 

တရုတ်နိုင်ငံဆိုင်ရာ တောင်အာဖရိက သံအမတ်ကြီး Siyabonga Cwele က တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် တောင်အာဖရိက စီးပွားရေး ကူးလူးဖလှယ်မှုများ တိုးချဲ့ပြုလုပ်ရန်နှင့် ဘုံကြွယ်ဝချမ်းသာမှု ရရှိရန်အတွက် အရေးကြီးအခွင့်အလမ်းများ ဖန်တီးပေးခဲ့ကြောင်း ပြောကြားပါ သည်။

တရုတ်နိုင်ငံဆိုင်ရာ ချီလီသံရုံးမှ ယာယီတာဝန်ခံ Valenzuela က “Belt and Road” ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို ၂၀၁၈ ခုနှစ်တွင် လက်မှတ်ရေးထိုးကတည်းက ချီလီနှင့်တရုတ် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု သိသိသာသာ အရှိန်မြှင့်လာပြီး အနာဂတ်တွင် နှစ်နိုင်ငံတို့သည် ပိုမိုများပြား သည့် နယ်ပယ်များမှာ တစ်ဆင့်တိုး ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့ ပါသည်။