နိုင်ငံခြား ပုဂ္ဂိုလ်များက တရုတ်နိုင်ငံ၏ အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားအပေါ် အကောင်းမြင်

(GMT+08:00)2024-03-09 18:17:44  

ယခုနှစ် တရုတ်နိုင်ငံ NPC နှင့် CPPCC အစည်းအဝေး ၂ရပ်ကို ကမ္ဘာတစ်ဝှမ်းမှ အာရုံစိုက်နေပါသည်။ နိုင်ငံခြား ပုဂ္ဂိုလ်များက တရုတ်နိုင်ငံ၏ အရည် အသွေးသစ် ကုန်ထုတ်စွမ်းအား တိုးတက်ရေးအပေါ် အကောင်းမြင်ပြီး တရုတ်နိုင်ငံ၏ သမားရိုးကျ ကုန်ထုတ် လုပ်ငန်း အဆင့်မြှင့်တင်ခြင်း၊ စမတ်ဖြစ်ခြင်း၊ အစိမ်းရောင် ဖြစ်ခြင်း အသွင် ကူးပြောင်းမှုသည် ခေတ်မီစက်မှုလုပ်ငန်းစည်းစနစ် ပိုမို ပြည့်စုံကောင်းမွန်လာအောင် အားကောင်းပြီး ခိုင်ခံ့သော အထောက်အပံ့ကို ဖန်တီးပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့ကြပါသည်။