တရုတ် နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကျည်ဆန်ရထား ကွန်ရက်၊ အဝေးပြေး ကားလမ်း ကွန်ရက်နှင့် ချောပို့ ကွန်ရက်တို့ကို တည်ဆောက်ပြီဟု လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဆို

(GMT+08:00)2024-03-08 15:26:30  

ယခုလ ၈ရက်နေ့ နံနက်ပိုင်းက ၁၄ကြိမ်မြောက် တရုတ် ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ဒုတိယ အကြိမ် အစည်းအဝေး၏ ဒုတိယ အကြိမ် Ministers' passage သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာ တရုတ် လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီး Li Xiaopengက သတင်းထောက်များ၏ မေးမြန်းချက်များကို ဖြေကြားခဲ့ပါသည်။

 LI Xiaopengက ယခုနှစ်များ၌ တရုတ် နိုင်ငံသည် လမ်းပန်းဆက်သွယ်ရေး ထွန်းကားသည့် နိုင်ငံ တည်ဆောက်ရေးတွင် အောင်မြင်မှု များစွာ ရရှိခဲ့ကြောင်း၊ ပထမ အချက်က အခြေခံ အဆောက်အအုံ နယ်ပယ်တွင် ပိုမိုအားကောင်းကြီးမားလာကြောင်း၊ တရုတ် နိုင်ငံသည် ကမ္ဘာပေါ်တွင် အကြီးဆုံး ကျည်ဆန်ရထား ကွန်ရက်၊ အဝေးပြေး ကားလမ်း ကွန်ရက်နှင့် ချောပို့ ကွန်ရက်နှင့် ကမ္ဘာ့အဆင့်မီ ဆိပ်ကမ်းများကို တည်ဆောက်ပြီ ဖြစ်ကြောင်း၊ ဒုတိယ အချက် ကတော့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု အာမခံပေးနိုင်စွမ်း အဆက်မပြတ် တိုးမြင့်လာကြောင်း၊ တတိယ အချက်က မြစိမ်းရောင်နှင့် စမတ် လမ်းပန်းဆက်သွယ်ရေး နက်ရှိုင်းစွာ ဖွံ့ဖြိုးတိုးတက်လာကြောင်း၊ စတုတ္ထ အချက် ကတော့ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်မှုကို အဆက်မပြတ် နက်ရှိုင်းစွာ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါသည်။